Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Aug 2023

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊  ကျုံးတနီး (အ-ထ-က) အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

16 Aug 2023

  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၉-၈-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ရှိ Good Brother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

16 Aug 2023

   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း  စားအုန်းဆီစျေးနှုန်းမှာ   တစ်ပိဿာလျှင်ကျပ် ၈၇၀၀ ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၉၅၀၀ ဖြင့် အ‌ရောင်းအဝယ်ရှိ၍ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

16 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုင်းလုံးရပ်ကွက်၊ Royal Village စားသောက်ဆိုင်၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊  MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(၉)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

16 Aug 2023

   ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့နှင့် ၁၁ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages