သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ သြဂုတ်လ၁၀ရက်နေ့၊ နံနက်(၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အိုးလုပ်စျေးနှင့်ကမ်းနားပျံကျစျေးတို့အား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည်(၅.၈.၂၀၂၃)ရက်နေ့ နံနက်(၀၈:00) နာရီအချိန် တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ နိုင်ငံစီပွားမြင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းဝင် ကျေးရွာများသို့ ကွင်းဆင်း၍ ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များထံသို့ အချိန်မီစီမံကိန်းဝင်တောင်သူများထံမှ စပါးများ ဝယ်ယူရရှိစေရေးအတွက် အဖွဲ့ဝင်များနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာများ ပေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးတို့၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် (၆.၈.၂၀၂၃) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများအဖွဲ့တို့သည် (၂.၈.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၄)ဆိုင်ကို သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေး ဖြင့် အမှန်တကယ်ရောင်းချမှု ရှိ/မရှိနှင့် အချင်အတွယ် မှန်ကန်မှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။