သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ပညာရေးဒီဂရီကောလိပ်အတွင်း ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၁၈-၆-၂၀၂၃) ရက်နေ့ ၊ နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ထုတ်ပိုးရောင်းချနေသော ရေထွက်ပစ္စည်းများဖြစ်သည့် (ငံပြာရည် ၊ ငပိ) စသည် တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖြင့် ရောင်းချမှုရှိစေရေးအတွက် ပြည်ခရိုင် အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ (၁၉.၆.၂၀၂၃)နေ့တွင် ပြည်ခ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်တွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပန်းတောင်းမြို့နယ်၌ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မူလွန်(ကြခတ်) ကျောင်းနှင့် နေ့လယ်ပိုင်းတွင် မူလွန်(သူရဲဇီး)ကျောင်းတို့သိ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ၊ လက်ဆက်ကျေးရွာအုပ်စု ၊ စိန်ကန့်လန့် ကျေးရွာရှိ လင်းတိုင်းပြည့် မြန်မာမှုပန်းပုလုပ်ငန်းပိုင်ရှင် ဦးကိုမင်းနှင့် ဒေါ်နီနီဝင်းတို့၏ မြန်မာမှု ပန်းပု လုပ်ငန်း လုပ်ဆောင်နေမှု အခြေအနေများလေ့လာရန်အတွက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးစိန်ဝင်းမှ (၂၀.၆.၂၀၂၃)ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းလေ့လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင်မှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်နိုင်သည့် သင်တန်းအား ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၊ ဒုတိယပတ်က မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာခဲ့ပါသည်။