သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့နှင့်အတူ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ တောင်ငူ-ထန်းတပင်လမ်းမပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် (၅.၆.၂၀၂၃)ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။
၉.၆.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ အကောက်ခွန်ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ပြုလုပ်သည့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၂၀၂၃ခုနှစ် ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာတို့သည် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချိုအစုအဖွဲ့)နှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲ အား (၁၃.၆.၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီဥယျာဉ်အတွင်း Information Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။