သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၇)ရက်၊နံနက်(၁၁:၀၀)နာရီတွင် ဘိုကလေးမြို့နယ်(Top One)သုံးထောင့်မုန့်ဆိုင်၌လုပ်သားပြည်သူ(၈)ဦးအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် Top One သုံးထောင့်မုန့်လုပ်ငန်းမှထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်ရောက်ပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့နယ်တာဝန်ခံ သည်(၈.၆.၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ နွားသက္ကယ်ကုန်း၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။
မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံအဖြစ် နှစ်စဉ် နှမ်းမြေပဲ ၊ဝါ၊ ပဲစင်းငုံတို့ကို အဓိကစိုက်ပျိုးပြီး တချို့ကျေးရွာများတွင် ပဲတီစိမ်းကိုလည်းစိုက်ပျိုးကြပါသည်။ ယခုအခါ စားသုံးဆီဈေးကောင်းရသဖြင့် နေကြာဆီမှာလည်း ကျန်းမာရေးအရ ကောင်းမွန်ခြင်းကြောင့် စားသုံးမှုများပြားလာရာ စိုက်ပျိုးမှုလည်းများပြားလာပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မိတ္ထီလာခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရန်လျာထားချက်မှာ မိုးနှမ်း (၉၉၄၀၉) ဧက၊ မိုးနေကြာ (၄၅) ဧက၊ မိုးကြိုဝါ (၂၇၃၂) ဧက၊ မိုးဝါ (၂၅၇၄) ဧက၊ မိုးကြိုပဲတီစ