သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းဝေးခန်းမ၌ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၁၃.၆.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီမှူး ဦးထွန်းထွန်းမှ အဖွင့်မှာစကားပြောကြား၍ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ဌာနခွဲတာဝန်ခံများမှ မိမိတို့ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဝန်ထမ်းများသိရှိစေရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့ပါသည်၊၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မုံရွာခရိုင် ဦးစီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကို ပြည်သူ အများသိရှိနားလည်စေရန်ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ ကျောက်မြောင်းမြို့ရှိ သောက်ရေသန့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၁၃.၆.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။