Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2023

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချ နေသည့် ဆေးဆို်ငများသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော BABY COUGH Syrup ကလေးချောင်းဆိုးပျောက်ဆေးနှင့် Cadramine-V Lotion အလှကုန်များ တရားမဝင်တင်သွင်းရောင်းချခြင်းများရှိ/မရှိ မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် ပူးပေါင်း၍ဈေးက

20 Jun 2023

   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၃-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Jun 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၃-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။

20 Jun 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

20 Jun 2023

       ၂၀၂၃ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တာဝန်များ ၊ အခွင့်အရေးများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၄) ဦး တက်ရောက်ခဲ့ပါသည်။

Pages