မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၃-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ Talk Show တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင်ပါဝင်သော စကားရပ်၏အဓိပ္ပါယ်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် လူကိုယ်တိုင်ဖြစ်စေ၊ www. doca. gov. mm မှဖြစ်စေ၊ Call Center No. (၁၅၃၅) သို့တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)