သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အမှတ် (၁၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသစ်ပင်စိုက်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားများအသင်း အတွင်းရေးမှူး ဦးအေးသောင်း တို့သည် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နေပြည်တော်တွင် (၃.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း စိုက်ပျိုးထွက်ရှိမည့် မိုးစပါးနှင့် နွေစပါးများအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသတ်မှတ် ထုတ်ပြန်ကြေညာနိုင်ရေး ဦးဆေ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ဒေသတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ပြီးအခြေခံစားသောက်ကုန်များ ဖူလုံစေရန်ရည်ရွယ်၍ ကပ်စေးနှဲဘေးထွက်ပစ္စည်း ကြိတ်ဖတ်မှ ဘဲစာထုတ်လုပ်ရန်နှင့် ပီလောပီနံဘေးထွက်ပစ္စည်းမှ တိရိစ္ဆာန်အစာများထုတ်လုပ်ရန် စီမံချက်ရေးဆွဲခြင်းကို (၃.၇.၂၀၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပါသည်၊၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဦးဆောင်၍ သက်ဆိုင်ရာတိုင်းစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီ
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ဆန်ကုန်သည်အသင်း၊ မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၊ သစ်သီးဝလံအသင်းတို့ပူးပေါင်း၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် အများပြည်သူတို့ထံသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချမည့် အခွန်လွတ်ဈေးဖြစ်သော အခြေခံစားကုန်များ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်တို့ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဈေးတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၈ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။