မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၈ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းသို့ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်း၊ ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ယခင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၏ ပထမ(၃)လပတ်အတွင်း စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်အတွင်း စစ်ဆေးဆောင်ရွက်မည့် ကုန်စည်အုပ်စုများရွေးချယ်သတ်မှတ်မည့်အစီအမံနှင့် ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြခဲ့ကြောင်း ယခုအစည်းအဝေး၌ အတည်ပြုချက်ပေးခြင်းဆုံးဖြတ်ချက်တို့ကို အသေးစိတ် Power Point ဖြင့် ကော်မတီအဖွဲ့ဝင်များသို့ တင်ပြခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါတင်ပြချက်များအား မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက အတည်ပြုရန်အချက်များ၊ အကြံပြုချက်များ၊ ဆုံးဖြတ်ရန်အချက်အလက်တို့ကို ကော်မတီအဖွဲ့ဝင်အသီးသီးတို့ဖြင့် ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြံပြုခြင်းနှင့်ဆုံးဖြတ်ရန်အချက်တို့အား ဆုံးဖြတ်ခဲ့ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ကော်မတီအဖွဲ့ဝင်အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို ညနေ (၁၆:၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)