သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချိုအစုအဖွဲ့)နှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲ အား (၁၃.၆.၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီဥယျာဉ်အတွင်း Information Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။
(၆.၆.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင် ဆီကုန်သည်အသင်းမှ အရောင်းဈေးကားဖြင့် ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်၍ ရောင်းချ ပေးကြောင်း သိရပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ဇွန်လ (၆)ရက်နေ့ ၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့် (၁)၊ ကျန်းမာရေးမှူးတို့ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါလျက် ၈.၆.၂၀၂၃ ရက်နေ့ ၊ နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးအပြင်တန်းရှိ ဆေးဆိုင်မျ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးဇော်ဇော်ထွေး (ဒုတိယဦးစီးမှူး)သည် ၂၀၂၃ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ တရားမဝင်ဓါတ်မြေဩဇာများ ရောင်းချခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။