Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 May 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာစေရန်ရည်ရွယ်၍ (၂၄-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့၊ သဟာရလမ်း၊ မြောက်မင်းတည်းရပ်ကွက်ရှိ ‘မေတ္တာမွန်’ အမှတ်တံဆိပ်ပါ ပဲကြော်၊ ပဲကြီးလှော်လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပါရှိရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

31 May 2023

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)သည် (၂၀-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဦးကျော်မိုးလွင်(ဆယ်စုသစ်)စက်သုံးဆီဆိုင်သို့ စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသောအရောင်းဆိုင်၌ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက

31 May 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ (၂၀-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ထန်းကောက်ကျေးရွာရှိ “တိုးတက်ဝေ” အဆင့်မြင့်ပဲကြော်လုပ်ငန်းရှင် ဦးလှနိုင

31 May 2023

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့မဈေး၌ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးသူဈေးသားများ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

31 May 2023

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၅-၅-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်တွင် တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်ကြသော လရောင်စစ်၊ မြဧရာ၊ ကိုဘိုသန်း၊ အောင်ကောင်းဆက် စသည့် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages