သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်နှင့် (၂၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံရော
၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှဲန်(ဒုတိယကြီးကြပ်ရေးမှူး)သည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မိုင်းယုမြို့အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၃) ဆိုင်တွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော CRESTOR ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းသည် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား (၂၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်(၆)ဦးတက်ရောက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့် ကသာခရိုင်များတွင် နွေစပါးသီးနှံများကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ် နွေရာသီကာလ၌ နွေစပါးကို ၃၄၈၀၀၀ဧကလျာထားခဲ့ရာမှ ၁၉၇၀၀၂ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူတို့သည် (၂၂-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) အချိန်၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်း(၃၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။