စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့် ကသာခရိုင်များတွင် နွေစပါးသီးနှံများကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ် နွေရာသီကာလ၌ နွေစပါးကို ၃၄၈၀၀၀ဧကလျာထားခဲ့ရာမှ ၁၉၇၀၀၂ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ နွေရာသီကာလတွင် နွေစပါးသီးနှံကို ခရိုင်အလိုက် စိုက်ပျိုးခဲ့ကြကြောင်း၊ ရွှေဘိုခရိုင်တွင် ၈၁၀၄၈ဧက၊ ရေဦးခရိုင်တွင် ၃၂၃၃၇ဧက၊ ကန့်ဘလူခရိုင်တွင် ၂၃၄၀၉ဧက၊ ကသာခရိုင်တွင် ၂၂၄၄၆ဧက၊ ဟုမ္မလင်းခရိုင်တွင် ၁၁၃၄၃ဧက၊ စစ်ကိုင်းခရိုင်တွင် ၈၆၉၈ဧက၊ မော်လိုက်ခရိုင်တွင် ၇၈၂၃ဧက၊ ကောလင်းခရိုင်တွင် ၄၂၄၀ဧက၊ ကလေးခရိုင်တွင် ၃၈၅၇ဧက၊ ယင်းမာခရိုင်တွင် ၁၀၇၁ဧက၊ မုံရွာခရိုင်တွင် ၆၉ဧက၊ ခန္တီးခရိုင်တွင် ၃၅ဧကနှင့် တမူးခရိုင်တွင် ၃ဧက၊ စုစုပေါင်း ၁၉၇၀၀၂ဧကစိုက်ပျိုးခဲ့သည့်အနက်မှ (၁၅-၅-၂၀၂၃) ရက်နေ့စာရင်းအရ ကသာခရိုင်တွင် ၁၃၉၈၈ဧက၊ ဟုမ္မလင်းခရိုင်တွင် ၇၈၄၈ဧကနှင့် ရွှေဘိုခရိုင်တွင် ၆၃ဧက၊ စုစုပေါင်း ၂၁၈၉၉ဧကရိတ်သိမ်းပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)