Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 May 2023

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ (၂၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၄)ဦးတို့သည် အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံရပ်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင် အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

30 May 2023

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည်  (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်နှင့် (၂၄-၅-၂၀၂၃) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ  မုန့်မျိုးစုံရော

30 May 2023

     ၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှဲန်(ဒုတိယကြီးကြပ်ရေးမှူး)သည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မိုင်းယုမြို့အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၃) ဆိုင်တွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော CRESTOR ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

30 May 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းသည် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်ရှိ  စီးပွားရေးလုပ်ငန်းရှင်များအား (၂၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်(၆)ဦးတက်ရောက်ခဲ့ပါသည်။  

30 May 2023

    စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့် ကသာခရိုင်များတွင် နွေစပါးသီးနှံများကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ် နွေရာသီကာလ၌ နွေစပါးကို ၃၄၈၀၀၀ဧကလျာထားခဲ့ရာမှ ၁၉၇၀၀၂ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။

Pages