သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ခမောက်စုကျေးရွာရှိ ကြာသပတေးပတ်ဆွမ်းလောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့၊ ဆပ်သေကျေးရွာရှိ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၅)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် “နွေမိုးဆောင်း”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှ ထုတ်လုပ်သော Crestor 10 mg အမျိုးအစား ဆေးဝါးများအား ဈေးကွက်အတွင်းတွင် တရားမဝင်ရောင်းချမှုနှင့် စပ်လျဉ်း၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စိစစ်တင်ပြမှုအပေါ် ဦးဆောင်ကော်မတီဥက္ကဌမှ “ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးစခန်းများသို့ Crestor 10 mg Tablet အစစ်/အတု ပုံအပြင် တရားမဝင်ဆေး (၁၇) မျိုးပုံများ Color ဖြင့် ရှင်းလင်းပြတ်သားစွာ ရိုက်နှိပ်၍ ဖြန့်ဝေထားရန်နှင့် အများပြည်သူသိရှိ