Main menu

ဒေးဒရဲမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က လုပ်ငန်းရှင်များအနေဖြင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်စေရန်ဖြစ်ကြောင်း၊ တားမြစ်ထားသောကုန်စည်များရောင်းချမှုမရှိစေရန်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များကိုသိရှိစေရန်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါကတိုင်ကြားနိုင်မှုအခြေအနေများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)