Main menu

ဘိုကလေးမြို့နယ်၊ “နွေမိုးဆောင်း”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် “နွေမိုးဆောင်း”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက ရောင်းချနေသောစက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊    စားသုံးသူပြည်သူများအား သတ်မှတ်သည့်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိစိစစ်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ အကြောင်း၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားမှုစင်တာများ   ဖွင့်လှစ်ထားရှိကြောင်း၊ Call Center (1535) သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)