Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ ခုနှစ် မေလ (၁၉) ရက်နေ့  နံနက် (၁၀း၀၀)အချိန်နှင့် နေလယ် (၁၃:၀၀)အချိန်တွင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျက်ရှိသော အရန်သင့်နှင့် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။     

29 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Crestor 10mg Tablet အစစ်/အတုပုံအပြင် တရားမဝင်ဆေးဝါး (၁၇)မျိုးအား  စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိနှင့် စပ်လျဥ်း၍ သာစည်မြို့

29 May 2023

    ၂၀၂၃ခုနှစ် ၊ မေလ ၂၅    ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် မိထ္ထီလာမြို့နယ်အတွင်း မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် (၅) ဦးနှင့် ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

29 May 2023

      စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၃ခုနှစ်၊ မေလ(၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခချုပ်၊ ဒုတိယ ကျောင်းအုပ်ဆရာမကြီး ၊ သရုပ်ပြဆရာ/ဆရာမများနှင့် အခြေခံပညာအထက်တန်းအဆင့် မွမ်းမံ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း (၂၆၅)ဦး တက်ရောက်ခဲ့ပါသည်။

29 May 2023

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက်တင်ပို့ရောင်းချမှုအခြေအနေများအား သိရှိနိုင်ရေးအတွက် (၁၉-၅-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ရွာသာကျေးရွာရှိ  ဝါကုန်သည် ဦးအေးမင်း(အလင်းရောင်ဝါစက်)နှင့် ထနောင်းကုန်းကျေးရွာရှိ ဝါစိုက်ပျိုးသော ဦးကျော် ကျော်တို့အား မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

Pages