သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကန်သာဈေးရှိ ဈေးတာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မုန့်မျိုးစုံရောင်းချသည့်ဆိုင်ရှင်များနှင့် ကုန်မျိုးစုံရောင်းချသူများ၊ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၂၃.၅.၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၃၀) နာရီမှ (၁၄:၀၀) အချိန်အထိ ဝိုင်းမော်မြို့၊ဝါးရှောင်ကျေးရွာအတွင်းရှိ မြစ်ရွှေလီ စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်း(၁၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၄-၅-၂၀၂၃ရက် (ဗုဒ္ဓဟူးနေ့) ၊ နေ့လယ် ၁၅:၀၀နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ သင်တန်းသား၊ သင်တန်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်း (ရုံးအုပ်)နှင့်ဦးတင်မောင်ထွန်း(ရုံးအုပ်)တို့သည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၂.၅.၂၀၂၃ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ဝူရမ်ကျေးရွာရှိ လက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်သည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒလမြို့နယ်၊ ထော်အောက်ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။