Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 May 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ရှမ်းမြောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် (၁၅.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

25 May 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ (၁၇.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊မြို့မဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

25 May 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား လုပ်ငန်းရှင်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၁၆.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

25 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၆.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိန်သီဟဆန်စက်သို့ ကွင်းဆင်း၍ စပါးများဝယ်ယူရရှိမှု ကြိတ်ခွဲမှု၊ ထုပ်ပိုးမှုများကို စစ်ဆေး၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့် ညီညွှတ်မှု ရှိစေရေး၊ လိုက်နာဆောင်ရွက်ရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် လိုအပ်သည့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်

25 May 2023

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့ရှိ DS သောက်ရေသန့်စက်ရုံသည် ယခင် ကိုဗစ်-၁၉ ကာလမတိုင်ခင်က လုပ်သားဦးရေ ၂၅ ဦးမှ ၃၀ အထိ လုပ်ကိုင်ခဲ့သည့် အောင်မြင်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခု ကိုဗစ်-၁၉ အလွန်ကာလတွင်တွင် လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိသောကြောင့် လုပ်သား ၁၀ ဦးနှင့်သာ ထုတ်လုပ်နေရပါသည်။

Pages