သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူတို့သည် (၂၂-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) အချိန်၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်း(၃၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးတွင် မုန့်မျိုးစုံ၊ ကုန်မျိုးစုံ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးစည်ပင်သာယာဈေးရှိ ကော်မတီရုံးခန်းမတွင် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေးတွင် ရောင်းချနေသောအလှကုန်လုပ်ငန်းရှင်(၇)ဦးအား ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အမှတ်(၁)၊ (၂)ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းကျေးရွာတို့၌ စားသုံးဆီများကို ဈေးကားဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။