Main menu

ဓနုဖြူမြို့၊ မြို့မဈေးရှိ အလှကုန်ရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးစည်ပင်သာယာဈေးရှိ ကော်မတီရုံးခန်းမတွင် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေးတွင် ရောင်းချနေသောအလှကုန်လုပ်ငန်းရှင်(၇)ဦးအား ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

  အဆိုပါအသိပညာပေးဟောပြောဆွေးနွေးမှုတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကို ရှင်းလင်းဆွေးနွေးပြီးနောက် အလှကုန်ရောင်းချသူလုပ်ငန်းရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကထုတ်ပြန်ထားသည့် ထောက်ခံချက်များပါရှိသောအလှကုန်များကိုသာရောင်းချရန်၊ စားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်ထားသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းဆိုင်ရာသတ်မှတ်ချက်များပါဝင်သော အလှကုန်များကိုသာရောင်းချရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ကုန်စည်များကိုလည်းမရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်မကိုက်ညီသောအလှကုန်၊ ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဌာနတို့၏ပြစ်မှု၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်းသိရှိရန်၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်တို့အား ဆွေးနွေးပြောကြားခဲ့ပြီး ခွင့်ပြုချက်၊ ထောက်ခံချက်မပါဝင်သောကုန်စည်များကို ရောင်းချနေခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့၏ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။

DOCA(ဧရာဝတီ)