သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီးအရှေ့ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ (၂၇.၆.၂၀၂၃ မှ ၅.၇.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သည့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးအောင်သိုက်မှ (၅.၇.၂၀၂၃)ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများအား သင်ကြားပို့ချပေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက် (အ.လ.က) ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်သည် ဘားအံမြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ပေါင်းစပ်၍ ၁၇-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊အမှတ် ၉ ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် အ-မ-က (၁၂) ကျောင်းရှိ ကျောင်းသူ / ကျောင်းသားများကို ကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား(SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ တိုးတက် ဖြစ်ပေါ်လာစေရန်တို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည် နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၁၇-၇-၂၀၂၃ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေ