Main menu

မြန်အောင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီကို ဈေးကားဖြင့်ရောင်းချနေမှုအား စိစစ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အမှတ်(၁)၊ (၂)ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းကျေးရွာတို့၌ စားသုံးဆီများကို  ဈေးကားဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းထည့်ကာ အမြတ်၂ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ဈေးကားဖြင့်လှည့်လည်၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသော ပြည်သူများအား အဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်နိုင်ရန်လည်းကောင်း၊ အလေးချိန်မှန်ကန်မှုရှိစေရန်လည်းကောင်း၊ စနစ်တကျတန်းစီစေခြင်းဖြင့်လည်းကောင်း လူတန်းစေ့ဝယ်ယူရရှိနိုင်ရေးရည်ရွယ်၍ တန်းတူညီမျှရောင်းချစေရန် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)