Main menu

လက်လီ/လက်ကားဆိုင်များတွင် တရားမဝင်တင်သွင်းလာသောကုန်စည်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည်  (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်နှင့် (၂၄-၅-၂၀၂၃) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ  မုန့်မျိုးစုံရောင်းချသည့်ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊  သက်တမ်းလွန်သည့်ကုန်စည်များရောင်းချမှုရှိ/မရှိ၊ စားသုံးရန်/သုံးစွဲရန်မသင့်သောကုန်စည်များရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသည့်ကုန်စည်များရောင်းချခြင်းရှိ/မရှိ စသည့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ကြရန် ဌာနမှကူညီဆောင်ရွက်ပေးသည့်အကြောင်းများကို အသိပညာပေးခဲ့ကြောင်း၊  ဆက်လက်၍ တရားမဝင်တင်သွင်းသောကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ တရားမဝင်တင်သွင်းသောကုန်စည်များကို ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေဆုံးရှုံးမှုဖြစ်စေရုံသာမက အဆိုပါကုန်စည်များသည် အရည်အသွေးအာမခံချက်မရှိနိုင်ခြင်း၊ ကုန်စည်အတုများဖြစ်နေနိုင်ခြင်းနှင့် စားသုံးသူပြည်သူများအတွက် ဘေးကင်းလုံခြုံမှုမရှိနိုင်ခြင်းတို့ ဖြစ်စေနိုင်သဖြင့် ရောင်းချခြင်းမပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်များ၏ ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)