သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၅.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ပတ္တမြားရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကြက်ပေါင်းစပ်ကြော်အထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းအား (၄) က
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲများကျင်းပလျက်ရှိရာ (၂၀-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီ အင်္ဂလိပ်စာ Grammar သင်တန်းဖွင့်ပွဲ၌ တက်ရောက်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဝန်ထမ်းများသည် ချောက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့်စက်သုံးဆီဆိုင်များအား (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်သွားရောက်၍ စက်သုံးဆီ တင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ပေးသော စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီများလုံလောက်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၉-၄-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်နှင့် ရွှေစားရပ်ကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်အတွင်း မှတ်