စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲများကျင်းပလျက်ရှိရာ (၂၀-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီ အင်္ဂလိပ်စာ Grammar သင်တန်းဖွင့်ပွဲ၌ တက်ရောက်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဌာန၏ ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)များအကြောင်း၊ ဒု-ဦးစီးမှူး ဒေါ်ချိုဝေလွင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေး (၈) ချက်၊ လိုက်နာရမည့်တာဝန် (၄) ချက်နှင့် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ သင်တန်းတက်ရောက်နေသူ (၃၇) ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း (၃) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)