Main menu

ချောက်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဝန်ထမ်းများသည် ချောက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့်စက်သုံးဆီဆိုင်များအား (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်သွားရောက်၍ စက်သုံးဆီ တင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ပေးသော စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီများလုံလောက်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ချောက်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၅)ဆိုင်သည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ(ပထမပတ်)ဈေးနှုန်းများမှာ ဓာတ်ဆီ(92) (၁)လီတာလျှင် ကျပ်(၂၃၁၉)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ်(၂၃၇၄)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၂၂၁၄)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၂၂၉၄)ဖြစ်ပြီး ဧပြီလ(စတုတ္ထပတ်)တွင် ဓာတ်ဆီ(92) (၁)လီတာလျှင် ကျပ် (၂၁၀၄)၊ ဓာတ်ဆီ(95) (၁)လီတာလျှင် ကျပ်(၂၁၉၄)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၀၃၉)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၂၁၁၉)ဖြစ်၍ ဧပြီလ၊ ပထမအပတ်နှင့် စတုတ္ထအပတ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ(92) (၁)လီတာလျှင် ကျပ်(၂၁၅)၊ ဓာတ်ဆီ (95) (၁)လီတာလျှင်  ကျပ် (၁၈၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၁၇၅)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၁၇၅)တို့ဖြင့် အသီးသီး စျေးနှုန်းများကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)