သတင်းနှင့် လှုပ်ရှားမှုများ
(၂၄-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ အသစ်ခန့်အပ်သောဝန်ထမ်းများအား ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းတွင် ကိုယ်တိုင်ဟောပြောနိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
(၂၄-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမဘေးရှိ အောင်ဝင်းဝင်း ဆန်စက်ပိုင်ရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၂၄-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ "ထွန်းတောက်ကြယ်" ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၂၅-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မရုံတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများသည် (၂၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်းရှိ သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။