Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    (၂၄-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမဘေးရှိ အောင်ဝင်းဝင်း ဆန်စက်ပိုင်ရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။     

   ထို့သို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နွေစပါးထွက်ရှိချိန်၌ ဝယ်ယူမှုအခြေအနေ၊ ဈေးနှုန်းအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေ၊ ဆန်စပါးစီးဝင်/စီးထွက်မှုအခြေအနေအားမေးမြန်းခဲ့ရာ စပါးများကို ကျိုက်ထို၊ ပဲခူးတို့မှ ဝယ်ယူရရှိပြီး မော်လမြိုင်၊ ဘားအံသို့ တင်ပို့ရောင်းချကြောင်း ပေါ်ဆန်းစပါး တင်း (၁၀၀) လျှင် (၂၁၀၀၀၀၀) ကျပ်ရှိပြီး ဆန် ၂၄ပြည်ပါတစ်အိတ်လျှင်   (၇၆၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအား ဆွေးနွေးခဲ့ပြီး ဆန်အိတ်ပေါ်၌ ကုန်အမှတ်တံဆိပ်၊ ကုန်အမျိုးအစား၊ အသားတင်ပမာဏ၊ ဆက်သွယ်ရမည့်လိပ်စာများအား ပြည့်စုံစွာဖော်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)