Main menu

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းအသစ်များအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဟောပြောမှုများလေ့ကျင့်ပေးခြင်း

Powered by Drupal

   (၂၄-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ အသစ်ခန့်အပ်သောဝန်ထမ်းများအား ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းတွင် ကိုယ်တိုင်ဟောပြောနိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

       ပြည်နယ်ဦးစီးမှူးက ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ယခုကဲ့သို့ လေ့ကျင့်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအဟောင်းများနှင့်အတူ ဝန်ထမ်းအသစ်များပါ မိမိတို့၏စွမ်းဆောင်ရည်မြှင့်မားရေးအတွက် အမြဲတမ်းလေ့ကျင့်နေကြရန်၊ လုပ်ငန်းခွင်၌ ကြိုးစားကြရန်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်များကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းများတက်ရောက်ရာတွင်လည်း ထူးချွန်အောင် ကြိုးစားကြရန်၊ မိမိတို့ဘာသာရပ်အလိုက် ကျွမ်းကျင်အောင် လေ့ကျင့်ထားကြရန် ပြောကြားခဲ့ပါသည်။     

      ထို့နောက် စားသုံးသူကာကွယ်ရေးအသိပညာပေး Power Point များအား ဒုဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အငယ်တန်စာရေး ဒေါ်သဇင်ဖြိုးမြတ်တို့က ပဏာမဟောပြောဆွေးနွေးပြီး အသစ်ခန့်အပ်သောဝန်ထမ်း(၄)ဦးအား အလှည့်ကျလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။    

DOCA(မွန်)