သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကိုဝင်းနောင်ကုန်မျိုးစုံဆိုင်ရှိ စားသုံးသူပြည်သူအလုပ်သမား(၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက် ခဲ့ပါသည်။
ဖျာပုံခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၉.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် စာသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးရှိ မိဘရိပ်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့အတွင်း ရောင်းချနေသော အလှကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ (၂၄.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက ပူးပေါင်းပါဝင်ဆောင်ရွ