Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Jun 2023

   (၁၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကျင်းပခဲ့ကြောင်း သိရှိရပါသည်။

19 Jun 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးထွန်းထွန်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်၌ လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ ကုန်မျိုးစုံရောင်းချသောစီးပွားရေးလုပ်ငန်းရှင်များအား   စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

19 Jun 2023

    (၃၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (  ၁၂  )ဦးတက်ရောက်ခဲ့ပါသည်။

16 Jun 2023

       ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနတွင် ပြုလုပ်သောစက်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် တက်ရောက်ခဲ့ပါသ

16 Jun 2023

      ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊  ဇွန်လ(၈)ရက်နေ့၊  နံနက်(၁၂:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်(၁၀)ဦးအား   မြို့နယ်တာဝန်ခံရုံးတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

Pages