(၃၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း ( ၁၂ )ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အများပြည်သူအား အသိပညာပေးဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဝန်ထမ်းများ၏ အသိပညာစွမ်းဆောင်ရည်မြင့်မားလာစေရန် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် စာသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သောနည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)