Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Apr 2023

     ၂၀၂၃ ခုနှစ် ဧပြီလ(၂၀)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် တံခွန်တိုင်ကျေးရွာအုပ်စုရှိ အ.မ.က ကျောင်း၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2023

   မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဦးစန်းအောင် (စစ်ဆေးရေးအရာရှိ) သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်၊ လီတာ၊ ဂါလံများပြည့်မီမှုရှိ/မရှိနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး မိတ္ထီလာမြို့နယ်အတွင်းရောင်းချနေသော စက်သုံးဆီဆိုင် (၁၀) ဆိုင်အား (၁၂-၄-၂၀၂၃) ရက်နေ့တွင် စျေးကွက်စောင့်က

26 Apr 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ်တာဝန်ခံသည် (၂၀.၄.၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင်  ပန်းတောကြီးကျေးရွာအုပ်စုရှိ ဆီစက်ပိုင်ရှင်နေအိမ်၌ ဆီစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဧပြီလ(၁၉)ရက်နေ့ နေ့လယ်(၀၂:၀၀)နာရီအချိန်တွင် နတ်မော်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2023

    ၂၀၂၃ ခုနှစ် ဧပြီလ(၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လမ်းမတော်မြောက်ရပ်ကွက်ရှိ အားကစားခန်းမ၌ နွေရာသီအားကစားသင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages