သတင်းနှင့် လှုပ်ရှားမှုများ
၂၁.၄.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူ ဒေါ်နီလာခင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်မှ ဦးစီးမှူး ဦးအောင်ကျော်မင်း (ဦးစီးအရာရှိ)၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀.၄.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀.၄.၂၀၂၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၂၀.၄.၂၀၂၃ ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ရွှေစက်ရပ်ကွက်အတွင်းရှိ လက်လီ၊လက်ကား ကုန်စုံဆိုင် များသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၀.၄.၂၀၂၃ ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့၊ အရှေ့သာစည်ရပ်ကွက်ရှိ လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချလျှက်ရှိသော ငုဝါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။