Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Apr 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘာအံမြို့ပေါ်ရှိ “DENKO” (ဘားအံ-၁) စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက နေ့စဉ်ထုတ်ပြန်ပေးသော စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီဈေးနှုန်းဘုတ်များအား အများပြည်သူသိသာအောင် တင်ပြထားခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်

21 Apr 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၀-၄-၂၀၂၃ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး ဦးဆောင်၍ ပြည်နယ်ရုံးရှိ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများနှင့်အတူ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု (Thursday Talk) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

21 Apr 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၀-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁)စံပြဈေး(ရေပေါ်ဈေး)၊ ဘားအံမြို့တွင် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ / မရှိတို့အား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

21 Apr 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  (၇.၄.၂၀၂၃) ရက်နေ့၊ (၁၀:၃၀) အချိန်တွင် မအူပင်မြို့နယ်၊ ထန်းပင်ကွေ့အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ(၂၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

20 Apr 2023

       မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ၅.၄.၂၀၂၃ ရက်နေ့တွင် မကွေး မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သင်္ကြန်ကာလအတွင်း ဆေးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့်သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်

Pages