Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Apr 2023

    (၇.၄.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့ ကွင်းဆင်း၍  စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

21 Apr 2023

          တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံ ချုပ်ဆိုထားသော အပင်ကျန်းမာ‌ရေး လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ‌ဖြစ်ပါသည်။

21 Apr 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့်  ကျွန်းလှမြို့နယ်တာဝန်ခံ(အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ  လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

21 Apr 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၆.၄.၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦးခြင်းအလိုက် လုပ်ငန်းများ တတ်မြောက်စေရန် ရည်ရွယ်၍ ( ၃/၂၀၂၃ ) ကြိမ်မြောက် Tursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ရာတွင် ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း ( ၇ )ဦး တက်ရောက်ခဲ့ပါသည်။

21 Apr 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၆.၄.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၃/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၈) ဦးတက်ရောက်ခဲ့ပါသည်။

Pages