Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Mar 2023

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၆.၃.၂၀၂၃ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

08 Mar 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

08 Mar 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမ၌  (၂၈.၂.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ပါသည်။

07 Mar 2023

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် တပေါင်းပွဲတော်အား မတ်လ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ တပေါင်းပွဲကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ တပေါင်းပွဲဈေးအတွင်း ရောင်းချနေသော စားသောက်ဆိုင်နှင့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မ

07 Mar 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် (၅-၃-၂၀၂၃) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့၊ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ရွှေယာဉ်မျှော်ဘုရားပွဲတော် (စတုဒီသာ)တွင် ကျွေးမွေးတည်ခင်းဧည့်ခံသော မုန့်ပဲသရေစာ များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

Pages