သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဇော်ဦးသည် စီးပွားရေးလုပ်ငန်းရှင်များအား လစဉ် စားသုံးသူကာကွယ်ရေးလုပ်ငန်းအသိပညာပေးဟောပြောမှုများဆောင်ရွက်လျက်ရှိပါသည်။ (၁၉-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မအူပင်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၃၇) ဦးအား အသိပညာပေးဟောပြောခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း တစ်လလျှင် (၁၀)ရွာရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၉.၄.၂၀၂၃) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီ အချိန်၊ ပြည်မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသော စိုက်ပျိုးမွေးမြူရေး ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် မြို့နယ်အတွင်း ကုန်စည်ရောင်းဝယ်မြန်ဆန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့အား (၂၀-၄-၂၀၂၃) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်က တကောကျေးရွာ၊ သိန်းတရာဆန်စက်ရုံးခန်းတွင် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်က မော်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်သိကောင်းစရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။