သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့ နေ့လယ် (၀၂:၃၀)နာရီအချိန်တွင် လိပ်ခုံးကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီး FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ (၆.၃.၂၀၂၃) ရက်နေ့တွင် နံနက် (၁၀:၀၀) မှ (၁၂:၁၅) နာရီအချိန်အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ညောင်တုန်းမြို့ပေါ် ဆေးဆိုင်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ကျွဲတုန်းကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်သန်းဝင်း၏ ငါးခြောက်လုပ်ငန်းသို့ (၇.၃.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို ဖြန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့ရှိဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၈.၃.၂၀၂၃)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအုန်းမြင့် ဦးဆောင်သောဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ