Main menu

ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဇော်ဦးသည် စီးပွားရေးလုပ်ငန်းရှင်များအား လစဉ် စားသုံးသူကာကွယ်ရေးလုပ်ငန်းအသိပညာပေးဟောပြောမှုများဆောင်ရွက်လျက်ရှိပါသည်။ (၁၉-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မအူပင်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၃၇) ဦးအား အသိပညာပေးဟောပြောခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ၊ စားသုံးရန်မသင့်သောစားသောက်ကုန်များကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားရှိခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားရှိသောကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်၊ ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များ၊ စားသုံးသူတို့သည် ဝယ်ယူအသုံးပြုသောကုန်စည်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုရှိလာပါက ခရိုင်မြို့နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများဖွင့်လှစ်ထားမှုအခြေအနေများကို ရှင်းလင်းအသိပညာပေးပြီး တက်ရောက်လာသူလုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)