ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်က မော်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်သိကောင်းစရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောပွဲပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်က ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် မိမိတို့ဌာနက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၀၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)