Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Feb 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ကျန်းမာရေးဦစီးဌာန၊ မြို့နယ်စည်ပင်အဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)  နာရီအချိန်တွင် မြို့မဈေးရှိဆေးပစ္စည်းအရောင်းဆိုင်များ၌ DICLON.Mဆေးများတွင် Register မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ တို့အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

27 Feb 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် (၂၁-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဒေသတွင်းထုတ်လုပ်လျက်ရှိသော ပဲခွေကြော်၊ ကြက်သွန်ကြော်၊ အသားတုကြော်၊ ဆန်ချောင်းကြော်၊ အာလူးကြော်၊ ကွတ်ကီးမုန့် စသည့် မုန့်မျိုးစုံထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်(၄)ဦးထံသို့သွားရောက်၍ စားသုံးသူကာက

27 Feb 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၂.၂.၂၀၂၃ ရက်နေ့၊ ၁၄:၀၀နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

27 Feb 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

27 Feb 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မြို့နယ်တာဝန်ခံသည် (၁၆-၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လမ်းမတော်မြောက်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages