သတင်းနှင့် လှုပ်ရှားမှုများ
၂၁.၂.၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့မစျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့၊မြို့နယ် တာဝန်ခံဦးလေးလွင်သည် (၁၆.၂.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ အိမ်မဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် ကျန်းမားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်အတူပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် အလန်းကျေးရွာရှိ ငါးပိ၊ ငါးခြောက်လုပ်ငန်းသို့ (၁၇.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ဖေဖော်ဝါရီလ(၁၇)ရက်၊ နံနက် (၁၀:၃၀) အချိန်တွင် ဘိုကလေးမြို့နယ် (၄)ရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်မှုဖြင့် ဖျာပုံ၊ဘိုကလေးမြို့နယ်တာဝန်ခံတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။