ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ ရွေးချယ်စားသုံးသင့်သည့်အစားအစာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူ(၁၅၆)ဦး၊ ဆရာ/ဆရာမ(၉)ဦး၊ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)