သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရှောက်ခုံကျေးရွာ အုပ်စု၊ အ-လ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်ပင်ဝဲကျေးရွာ၊ အ-လ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ (၂၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့နယ်တာဝန်ခံသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ် တာဝန်ခံသည် မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၂-၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြောင်းမြမြို့နယ်၊ အ-ထ-က (၇) ကွယ်လွယ်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။