သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြောင်းမြမြို့နယ်၊ အ-ထ-က (၇) ကွယ်လွယ်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၏ ကျောင်းမုန့်ဈေးတန်း (၁၀) ဆိုင်မှ ရောင်းချနေသော မုန့်များအား (၉-၂-၂၀၂၃)ရက်နေ့က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်မှုများဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးကဦးဆောင်၍ ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ (အ.လ.က-၃) အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ (၁၅ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၂၁၅ ) ဦး၊ စုစုပေါင်း ( ၂၃၀ ) ဦးအား အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။