Main menu

ဓနုဖြူမြို့ အ-ထ-က (၁) ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) ၏ ကျောင်းမုန့်ဈေးတန်း (၁၀) ဆိုင်မှ ရောင်းချနေသော မုန့်များအား (၉-၂-၂၀၂၃)ရက်နေ့က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

       ဓနုဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ မုန့်ဆိုင်(၁၀)ဆိုင်မှ ရောင်းချနေသောမုန့်များအား စစ်ဆေးခဲ့ပြီး၊ ဆိုင်ရှင်များအား မိမိတို့ရောင်းချနေသောမုန့်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သောကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုကြောင်း ရှင်းလင်းပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းနှင့်မပြည့်စုံသော ကုန်စည်ကို ရောင်းချခြင်းမျိုးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသူများသည် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုပြုလိုက်နာရန်၊ ကိုဗစ်စည်းကမ်းများနှင့်အညီရောင်းချရန်၊ လက်သုပ်မုန့်များ၊ မြန်မာမုန့်များကိုယင်မနားစေရန် ဖုံးအုပ်၍လည်းကောင်း၊ ဝမ်းလျှောဝမ်းပျက်မဖြစ်စေရန်၊ လက်အိတ်အသုံးပြု၍ရောင်းချရန် ပညာပေးရှင်းလင်းခဲ့ပါသည်။

DOCA(ဧရာဝတီ)